ပြဒါးဆိုတာ ဘာလဲ?

ပြဒါးသည် ပုံစံသုံးမျိုးဖြင့် တည်ရှိပါသည် – ဒြပ်စင်ပြဒါး (elemental mercury)၊ ဇီဝမဟုတ်သော ပြဒါးဒြပ်ပေါင်းများ (inorganic mercury compounds) နှင့် ဇီဝကိုအခြေခံသော (organic mercury compounds) တို့ဖြစ်ကြပါသည်။ ပြဒါးကို သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားသော ပစ္စည်းများ – ဥပမာ အပူချိန်တိုင်း ကရိယာ၊ ရွှေတူးဖော်ရေး၊ သွား နှင့် ခံတွင်း ပစ္စည်းများတွင် တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါသည်။ ပြဒါးသည် မည်သို့သော ပုံစံမျိုးဖြစ်နေပါစေ .. မည်သို့ပင် အသုံးပြုခဲ့ကြပါစေ .. ပြဒါးပုံစံတစ်ခုစီသည် အလွန်အမင်း အဆိပ်သင့်ပါသည်။

ကျန်းမာရေး ထိခိုက်မှု ဆိုးကျိုးများ

ပြဒါးငွေ့ကို ရှူရှိုက်မိခြင်းသည် ဗဟိုအာရုံကြောစနစ်၊ အစာခြေစနစ်နှင့် ကိုယ်ခံအားစနစ်၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်စေပြီး အသက်ပင်လျှင် ဆုံးရှုံးစေနိုင်ပါသည်။

ပြဒါးထုတ်လွှင့်မှု ဘယ်လိုဖြစ်လာတာလဲ?

ပြဒါးသည် ကမ္ဘာမြေ၏ အပေါ်ယံလွှာတွင် သဘာဝအတိုင်း ဖြစ်ပေါ်သော်လည်း ကျောက်မီးသွေး၊ ရေနံ၊ သစ်၊ သတ္တုတွင်းနှင့် လောင်စာလောင်ကျွမ်းခြင်းကဲ့သို့သော လူသားတို့၏ လုပ်ဆောင်ချက်များသည် ကမ္ဘာလုံးဆိုင်ရာ ပြဒါးညစ်ညမ်းမှုကိုဖြစ်စေပါသည်။

ပြဒါး ထုတ်လွှတ်မှုသည် မီးတောင်ပေါက်ကွဲခြင်းနှင့် မြေဆီလွှာမှ ထွက်လာခြင်းကဲ့သို့ သဘာဝအလျောက် ဖြစ်ပေါ်ခြင်း နှင့် အသေးစား ရွှေတူးဖော်ခြင်း၊ ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းခြင်းနှင့် သံသတ္တုမဟုတ်သော သတ္တုများ ထုတ်လုပ်မှုကဲ့သို့သော လူသားများ၏ လုပ်ဆောင်ချက်တို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါသည်။

ဓာတ်ငွေ့ထုတ်လွှတ်မှုမှ ပြဒါးထုတ်လွှင့်မှုသည် ရာခိုင်နှုန်းအနည်းငယ်သာရှိသော်လည်း၊ ပြဒါးထုတ်လွှတ်မှုဖြစ်ပေါ်တတ်သည့် အခြားရင်းမြစ်များမှာ ဘိလပ်မြေထုတ်လုပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများစွန့်ပစ်ခြင်း၊ ညစ်ညမ်းသောနေရာများနှင့် Chlor-alkali ထုတ်လုပ်မှုတို့မှလည်း ဖြစ်ပါသည်။

ကမ္ဘာ့ဘုမိ tectonic နယ်နိမိတ်နှင့် နီးကပ်သောဒေသများတွင်ရှိသော မြေဆီလွှာအတွင်းတွင် သဘာဝရာသီဥတုဒဏ် သို့မဟုတ် ဘူမိအပူဓာတ်တို့ကြောင့် မာကျူရီဆာလ်ဖိုင်ဒ် (HgS) သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သော cinnabar ကဲ့သို့သော ကျောက်တုံးများ ဖြစ်ပေါ်လာပါသည်။

ပြဒါးကို လေထုမှတဆင့် အဓိကပုံစံသုံးမျိုးဖြင့် သမုဒ္ဒရာများအတွင်းသို့ မိုးရွာသွန်းသည် ၁) လေနှင့်ရေလဲလှယ်မှု ဖြစ်စဉ်အားဖြင့် အငွေ့အဖြစ် (Hg0) ဖြင့်လည်းကောင်း၊ ၂) စိုစွတ်သော ခြောက်သွေ့သော ဇီဝမဟုတ်သော ပြဒါးဒြပ်ပေါင်းပါဝင်သော မိုးရေအဖြစ် (Hg2+ သို့မဟုတ် HgII) အဖြစ် လည်းကောင်း၊ ၃) အမှုန်အမွှားများဖြစ်သော ပြဒါး (Hg(P)) အဖြစ် လည်းကောင်း ဖြစ်ကြပါသည်။

ပြဒါးသည် သမုဒ္ဒရာထဲသို့ .. အခြားသော သဘာဝရေလမ်းကြောင်းများဖြစ်ကြသည့် .. မြစ်ချောင်းတို့မှတဆင့် မျှောပါစီးမျှောပြီး ရောက်ရှိနိုင်ပါသည်။ Methyl mercury ဟုခေါ်သော အော်ဂဲနစ်ပြဒါးဒြပ်ပေါင်းများကို ဓာတ်တိုးခြင်းလျှော့ချခြင်း၊ စုပ်ယူခြင်းလုပ်ငန်းစဉ်များနှင့် မီသိုင်းလိန်-မက်သလင်းရှင်းခြင်းကဲ့သို့သော ဓာတုအသွင်ပြောင်းခြင်းများကို ဖယ်ရှားပေးနိုင်ပါသည်။

စက်မှုတော်လှန်ရေးနောက်ပိုင်း ကျွန်ုပ်တို့အားလုံးသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများကို ကြုံတွေ့နေကြရသည်။ ပြဒါးအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် Minamata ရောဂါသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၏ အကျိုးဆက်များထဲမှ တစ်ခုပင်ဖြစ်သည်။

ပြဒါးနှင့် ထိတွေ့မှုတိုင်းသည် လူ့ကျန်းမာရေးကို စိုးရိမ်စရာအဖြစ် ခြိမ်းခြောက်နိုင်ပြီး .. အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်ဝမ်းတွင်းမှ သန္ဓေသား နှင့် ကလေးငယ်များတွင် သာမာန်လူကြီးထက်ပိုသော ကျန်းမာရေးဆိုးကျိုးကို ဖြစ်စေနိုင်ပါသည်။

ပြဒါးအဆိပ်သင့်ခြင်းနှင့် ညစ်ညမ်းခြင်းဆိုင်ရာ အရင်းအမြစ်များကိုလည်း ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများ ကာကွယ်တားဆီးရေးအဖြစ် စဉ်ဆက်မပြတ် လှုံဆော်သတိပေးသင့်သည်။