တပိုင်တနိုင်ရွှေတူးဖော်ရေး ASGM အကြောင်း

ကမ္ဘာပေါ်တွင် ASGM ဟုလူသိများသော တပိုင်တနိုင်အသေးစားရွှေတူးဖော်မှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဒါးညစ်ညမ်းမှု၏ အကြီးဆုံး အရင်းအမြစ်တခုဖြစ်ပြီး နှစ်စဉ် ခန့်မှန်းပမာဏ ပြဒါး တန်ချိန် ၁၄ဝဝ ကျော်ကို ထုတ်လွှတ်ပါသည်။ ကမ္ဘာတဝှမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၇ဝ ကျော်တွင် အမျိုးသမီးများ နှင့် ကလေးလုပ်သား ဦးရေ ၄ သန်းမှ ၅ သန်း အပါအဝင် .. စုစုပေါင်း လူဦးရေ ၁ဝ သန်း မှ ၁၅ သန်း သည် တပိုင်တနိုင်ရွှေတူးဖော်ရေး (ASGM) လုပ်ငန်းများတွင် ရွှေလုပ်သားများအဖြစ် တိုက်ရိုက်ပါဝင်နေပါသည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ အဆက်မပြတ် မြင့်တက်နေခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ ၁ဝ သန်း မှ ၁၅ သန်းကျော်သည် အသေးစားရွှေတူးဖော်မှု (ASGM) တွင် တိုက်ရိုက်ပါဝင်နိုင်ပြီး .. အခြား လူသန်းပေါင်း ၁ဝဝ ဝန်းကျင်က ၎င်းတို့ဘဝရပ်တည်ရေးအတွက် ထိုအသေးစားရွှေတူးဖော်မှုကို မှီခိုအားထားရသည်။

အမျိုးသမီးများ နှင့် ကလေးလုပ်သား ဦးရေ ၄ သန်းမှ ၅ သန်း အပါအဝင် .. စုစုပေါင်း လူဦးရေ ၁ဝ သန်း မှ ၁၅ သန်း သည် တပိုင်တနိုင်ရွှေတူးဖော်ရေး (ASGM) လုပ်ငန်းများတွင် ရွှေလုပ်သားများအဖြစ် တိုက်ရိုက်ပါဝင်နေပါသည်။

တပိုင်တနိုင်ရွှေတူးဖော်ရေး (ASGM) သည် အပြည်ပြည်ဆိုင်ရာ ပြဒါးညစ်ညမ်းမှုထုတ်လွတ်သည့် အရင်းအမြစ်များတွင် ၃၈% ဖြစ်ပါသည်။

ကမ္ဘာ့ရွှေ ၁၂% – ၁၅% ကို တပိုင်တနိုင်ရွှေတူးဖော်ရေး (ASGM) မှ ထုတ်လုပ်ပေးသည်။

သတင်းအရင်းအမြစ်: UNEP, 2013. Mercury Action Now!

ကမ္ဘာတဝှမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၇ဝ ကျော်

သတင်းအရင်းအမြစ်: www.mercurywatch.org

လူသန်းပေါင်း ၁ဝဝ ဝန်းကျင်က ၎င်းတို့ဘဝရပ်တည်ရေးအတွက် ထိုအသေးစားရွှေတူးဖော်မှုကို မှီခိုအားထားရသည်။

ဒြပ်စင်ပြဒါးသည် ခန္ဓာကိုယ်အတွင်းသို့ ထိတွေ့ခြင်းမှ ဝင်ရောက်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရောဂါအမျိုးမျိုးဖြစ်သော ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ဝမ်းဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းစသည်တို့ကို ခံစားရနိုင်ပြီး .. ပြဒါးအငွေ့ကို ရှူရှိုက်မိခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာနှင့် အဆုတ်ရောဂါ ပြသနာများလည်း ဖြစ်နိုင်ပါသည်။

ရွှေလုပ်သားများနှင့် ၎င်းတို့၏ မိသားစုအသိုင်းအဝိုင်းများသည် ရိုးရှင်းပြီး လက်တွေ့ကျသော ကာကွယ်သည့် နည်းလမ်းများကို လေ့ကျင့်ခြင်းဖြင့် ပြဒါး၏အန္တရာယ်သက်ရောက်မှုများမှ ကာကွယ်နိုင်ပါသည်။ ASGM တွင် ပြဒါးအသုံးပြုမှုကို လျှော့ချခြင်း သို့မဟုတ် ပြဒါးမသုံးသည့်နည်းလမ်းတို့ကို .. ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရန် လိုအပ်ပါသည်။

လက်ရှိအချိန်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူအများအပြားသည် ၎င်းတို့၏ စားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အသေးစားရွှေတူးဖော်မှု (ASGM) တွင် လုပ်ကိုင်နေကြရသည်။ သို့ပေမယ့် အခုလိုလုပ်ကိုင်နေခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အားနည်းချက်ကို ဖြစ်စေတယ်။ နည်းစနစ်မကျသော ASGM ကိုလုပ်ကိုင်ခြင်းသည် ရွှေလုပ်သားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အနီးနားရှိ လူမှုအသိုင်းအဝိုင်းများ၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေသည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းသည့် ပြဿနာများကိုလည်း ဖြစ်စေသည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် လက်ခံကျင့်သုံးခဲ့သော Minamata ကွန်ဗင်းရှင်းသည် အသေးစားရွှေတူးဖော်မှု (ASGM) ပေါ်တွင် မှီခိုနေသော သူတိုင်း၏ ကျန်းမာရေးကို ကာကွယ်နိုင်ရန် နှင့် လူနေမှုဘဝအဆင်ပြေရေးအတွက် မြှင့်တင်ရန်အတွက် ဒေသအလိုက်၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်ကြရန်ကို အားပေးခဲ့သည်။ ထို့ကြောင့် အသေးစားရွှေတူးဖော်မှု (ASGM) တွင် ပြဒါးအသုံးပြုမှုအား ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သာယာဝပြောရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ ထိုကွန်ဗင်းရှင်းက ရွှေတွင်းလုပ်သားများနှင့် ၎င်းတို့၏ရပ်ရွာများတွင် ပြဒါးထိတွေ့မှုကို လျှော့ချရန်အတွက် မဟာဗျူဟာများကို ချမှတ်နိုင်သည့် အဖွဲ့ဝင်များလည်း လိုအပ်သည်။