ဘာကြောင့် ပြဒါးသည် အန္တရာယ်ဖြစ်သနည်း?

ပြဒါးနှင့် ထိတွေ့မှုသည် လူ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ သန္ဓေသားများကို ငယ်ရွယ်သော ကလေးများတွင် အန္တရာယ် ပိုများပါသည်။

MSFN ဆိုတာ ဘာလဲ?

ကျွန်ုပ်တို့သည် ပြဒါးညစ်ညမ်းမှုလျှော့ချရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စည်းစနစ် နည်းလမ်းတကျ သုတေသနပြု၍ လက်တွေ့လုပ်ဆောင်နေသည့် နယ်ပယ်ပေါင်းစုံ-အလွှာအသီးသီးမှသူများ ဖြစ်ပါသည်။

ကျန်းမာရေး နှင့် ဆိုင်သော အရာများ

စက်မှုတော်လှန်ရေးနောက်ပိုင်း ကျွန်ုပ်တို့အားလုံးသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများကို ကြုံတွေ့နေကြရသည်။ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို တားဆီးရန်အတွက် ပြဒါးအဆိပ်သင့်ခြင်းနှင့် ညစ်ညမ်းခြင်းဆိုင်ရာ အရင်းအမြစ်များကိုလည်း အထူးသတိပြုသင့်သည်။

ကျန်းမာချမ်းသာမှု နှင့် ရေရှည်တည်တံ့ဖို့

ကျွနှ်ပ်တို့အားလုံး ကမ္ဘာကြီးအနာဂါတ်အတွက် အတူတကွ လေ့လာသင်ယူကြပြီး အလုပ်လုပ်ကြပါစို့

လက်ရှိကမ္ဘာ့ပြဒါးညစ်ညမ်းမှုပြဿနာသည် ဆက်လက်ဖြစ်ပွားနေသော်လည်း .. ကျွန်တော်တို့အနေဖြင့် အစိုးရများ၊ ကုမ္ပဏီများနှင့် နိုင်ငံသားများနှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် ထိုပြသနာအများစုကို ဖြေရှင်းနိုင်ပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များ၏ ကျန်းမာပျော်ရွှင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ပြဒါးပြဿနာများကို ဖြေရှင်းပေးရန်အတွက် ကျွန်ုပ်တို့၏ ပြဒါးကင်းစင်အောင် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းကွန်ရက်များတွင် သင် ပါဝင်ရန်လည်း လိုအပ်ပါသည်။