သောက်သုံးရေ ဘေးအန္တရာယ်ကင်းရှင်းရေး

ကမ္ဘာပေါ်တွင် အနည်းဆုံး လူပေါင်း ၂ ဘီလီယံ (သန်း ၂ဝဝဝ) ခန့်သည် ညစ်ညမ်းရေကို အသုံးပြုကြရသည့်အတွက် နှစ်စဉ် ဆိုးရွားသော ကျန်းမာရေး ပြဿနာများကို ဖြစ်နေပါသည်။ သောက်သုံးရေတွင် ပြဒါးညစ်ညမ်းမှုသည် ငါး၊ တောရိုင်းတိရစ္ဆာန်များနှင့် လူတို့၌ အာရုံကြောဆိုင်ရာ အဆိပ်သင့်မှု ဖြစ်နိုင်သောကြောင့် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်လာသည်။

သင့်သောက်သုံးရေတွင် ပြဒါးညစ်ညမ်းမှု မည်သို့ဖြစ်နိုင်သနည်း?

သင့်သောက်သုံးရေတွင် ပြဒါးညစ်ညမ်းမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်သည်။ လေ၊ မိုး၊ နှင်းစသည့် သဘာဝအားဖြင့် သယ်ဆောင်နိုင်သည်။ ကျောက်နှင့်မြေဆီလွှာမှ အင်းအိုင်၊ မြစ်၊ ရေကန် စသည့် ရေအရင်းအမြစ်များမှ၊ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းစေခြင်း၊ သတ္တုအရည်ကျိုခြင်း၊ ကျိုးပဲ့သော အပူချိန်တိုင်းကိရိယာများနှင့် ဘက်ထရီများကဲ့သို့သော လူသုံးကုန်ပစ္စည်းများ စွန့်ပစ်ခြင်းမှ၊ ASGM (Artisanal and Small-Scale Gold Mining) မှ ညစ်ညမ်းရေဆိုးများ စွန့်ထုတ်ခြင်းမှ ဖြစ်နိုင်ပါသည်။

သောက်သုံးရေတွင် ပြဒါးညစ်ညမ်းမှုပမာဏ ကန့်သတ်ချက်မှာ အဘယ်နည်း?

U.S. Food and Drug Administration အရ သောက်သုံးရေအတွက် ညစ်ညမ်းသောပြဒါးအတွက် အများဆုံးညစ်ညမ်းမှုအဆင့် (MCL) သည် တစ်လီတာလျှင် 2 မိုက်ခရိုဂရမ် (µg/L) ဖြစ်သည်။

ပြဒါးညစ်ညမ်းတဲ့ ရေသောက်ရင် ဘာဖြစ်နိုင်မလဲ?

မာကျူရီ ညစ်ညမ်းသော ရေကို သောက်သုံးခြင်းသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင်း ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု အမျိုးမျိုးကို ဖြစ်စေနိုင်သည်။ သို့သော်၊ လူတစ်ဦးမှ ထိတွေ့နိုင်သော ပြဒါးပမာဏနှင့် ပုံစံပေါ်မူတည်၍ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ၏ အမျိုးအစားနှင့် ပြင်းထန်မှု ကွဲပြားနိုင်သည်။ ညစ်ညမ်းသောပတ်ဝန်းကျင်အခြေအနေများကြောင့်လည်း ပြဒါးများစွာကို ထိတွေ့နိုင်သည် ။ Maximum Contaminant Level (MCL) (တစ်လီတာလျှင် 2 မိုက်ခရိုဂရမ် (µg/L)) ထက်တွင် ပြဒါးညစ်ညမ်းသော သောက်ရေကို အချိန်တိုအတွင်း သောက်သုံးခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။

ကျွန်ုပ်၏သောက်သုံးရေ၏ အရည်အသွေးကို မည်သို့သိနိုင်မည်နည်း?

ဦးစွာပထမအနေနှင့် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ သင့်ရပ်ကွက် ရေပေးဝေရေးဌာန၊ ကျန်းမာရေးဌာနနှင့် သဘာဝပတ်ဝန်းကျင် ဦးစီးဌာနတို့မှ ရေအရည်အသွေး အစီရင်ခံစာများကို စစ်ဆေးပါ။ ဒုတိယအနေဖြင့် သင့်တွင် ကိုယ်ပိုင်ရေတွင်းရှိပါက၊ ယုံကြည်စိတ်ချရသောသောက်သုံးရေစမ်းသပ်ကိရိယာဖြင့် အန္တရာယ်ဖြစ်နိုင်ချေရှိသော ညစ်ညမ်းမှုများရှိနေခြင်းအတွက် သင့်ရေကို စစ်ဆေးနိုင်သည် သို့မဟုတ် ဓာတ်ခွဲခန်းသို့ ရေနမူနာယူပါ။

ကိုးကား
[1] Mercury in Drinking Water. Retrieved from https://www.wqa.org/learn-about-water/common-contaminants/mercury

[2] Mercury in Drinking Water. Division of Environmental and Occupational Health Consumer and Environmental Health Services. Retrieved from https://www.hopewelltwp.org/DocumentCenter/View/114/Facts—Mercury-in-Drinking-Water-PDF

[3] Mercury in Drinking Water. Mercury in Drinking-water Background document for development of WHO Guidelines for Drinking-water Quality Retrieved from https://www.who.int/water_sanitation_health/dwq/chemicals/mercuryfinal.pdf

 

 

စက်မှုတော်လှန်ရေးနောက်ပိုင်း ကျွန်ုပ်တို့အားလုံးသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများကို ကြုံတွေ့နေကြရသည်။ ပြဒါးအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် Minamata ရောဂါသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၏ အကျိုးဆက်များထဲမှ တစ်ခုပင်ဖြစ်သည်။

ပြဒါးနှင့် ထိတွေ့မှုတိုင်းသည် လူ့ကျန်းမာရေးကို စိုးရိမ်စရာအဖြစ် ခြိမ်းခြောက်နိုင်ပြီး .. အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်ဝမ်းတွင်းမှ သန္ဓေသား နှင့် ကလေးငယ်များတွင် သာမာန်လူကြီးထက်ပိုသော ကျန်းမာရေးဆိုးကျိုးကို ဖြစ်စေနိုင်ပါသည်။

ပြဒါးအဆိပ်သင့်ခြင်းနှင့် ညစ်ညမ်းခြင်းဆိုင်ရာ အရင်းအမြစ်များကိုလည်း ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာများ ကာကွယ်တားဆီးရေးအဖြစ် စဉ်ဆက်မပြတ် လှုံဆော်သတိပေးသင့်သည်။