တပိုင်တနိုင်ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ပြဒါးအသုံးပြုခြင်း
ကမ္ဘာပေါ်တွင် ပြဒါးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်စေသည့် အကြီးဆုံးရင်းမြစ်မှာ ASGM ဟု သိကြသော တပိုင်တနိုင် အသေးစား ရွှေတူးဖော်မှုကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် .. ထိုတပိုင်တနိုင် အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများသည် သတ္တုကျောက်ရိုင်းများမှ ရွှေကို ထုတ်ယူနိုင်ရန်အတွက် အလွန်ရှေးကျသောနည်းလမ်းတခုဖြစ်သည့် ပြဒါးကိုအသုံးပြု၍ လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်။ ပြဒါးသုံး၍ ” ရွှေဖမ်းခြင်း ” ဟု လူသိများကြပါသည်။ ထိုရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်သော ဒေသများတွင် မြေယာပိုင်ဆိုင်မှုပြဿနာများ၊ ရွှေတူးဖော်ရေး လုပ်ကိုင်ရန်အတွက် အနယ်နယ် အရပ်ရပ်မှ ပြောင်းရွှေ့လာကြသော နေထိုင်သူများအကြား ပဋိပက္ခများကဲ့သို့သော လူမှုရေးပြဿနာများလည်း ရှိကြပါသည်။
တပိုင်တနိုင်ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ပြဒါးအသုံးပြုခြင်း နှင့် ပြဒါးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ခြင်း
ပြဒါးကိုအသုံးပြုရခြင်း၏ အဓိကအကြောင်းရင်းမှာ သတ္တုကျောက်ရိုင်းများမှ ရွှေကို .. ပြဒါးနှင့်ပေါင်းစပ်ပြီး ထုတ်ယူရန်ဖြစ်သည်။ သို့သော် .. ပြဒါးနှင့်ဆိုင်သော လေထုညစ်ညမ်းမှု .. အထူးသဖြင့် အငွေ့ပျံခြင်းမှဖြစ်ပေါ်သည့် ပြဒါးပြသနာသည် .. ပြဒါးအသုံးပြုသည့် လုပ်ဆောင်ချက်တိုင်းတွင်ဖြစ်နေတတ်သည်။
