
ကိုယ်ဝန်ဆောင်မိခင်များအတွက် အကြံပြုထားသော ငါးစားသုံးမှု
ငါးနှင့် ခရုကဲ့သို့သော ပင်လယ်စာများတွင် ပရိုတင်း၊ သံဓာတ်နှင့် ဇင့်တို့ အပါအဝင် အာဟာရဓာတ်များစွာ ပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်ဝမ်းအတွင်းမှ သန္ဓေသားများ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ကိုယ်ဝန်ဆောင်ခြင်း နှင့် ငါးစားခြင်းအကြောင်း
အစားအစာသည် သက်ရှိအားလုံးအတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ ကျွန်ုပ်တို့စားသုံးလိုက်သော စားသုံးမှုအားလုံးသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်အတွင်း စုစည်းရုံသာမက ကျွန်ုပ်တို့မည်သူဖြစ်သည်၊ ကျွန်ုပ်တို့၏ပုံပန်းသဏ္ဍာန်၊ ကျွန်ုပ်တို့၏ကျန်းမာရေးနှင့် ကျွန်ုပ်တို့၏အနာဂတ်မျိုးဆက်များ၏ အလားအလာများကိုပါ ဆုံးဖြတ်ပေးပါသည်။

ပြဒါးမပါသည့် အိမ်သုတ်ဆေးပစ္စည်းများကို အသုံးပြုခြင်း
သမိုင်းကြောင်းအရ ပြဒါးပါဝင်သော သုတ်ဆေးပစ္စည်းများကို လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝ မှ လူ့အရိုးစုများမှ တဆင့် ပြန်လည်ခြေရာခံနိုင်သည်။ ၎င်းကို cinnabar (HgS) ဟုလည်းလူသိများသော vermillion (ဆေးအနီရောင်) သုတ်ထားသည်။

ပြဒါးပါဝင်သော တရားမဝင် အလှကုန်များကို ရှောင်ကျဉ်ခြင်း
“Whitening Creams” ဟုခေါ်သော အသားဖြူအောင် ပြဒါးဓာတ် အလွန်အကျွံပါဝင်နိုင်သော အလှကုန်ပစ္စည်းများသည် သုံးသူကျန်းမာရေးကို ထိခိုက်စေနိုင်သည် .. အထူးသဖြင့် ကိုယ်ဝန်ဆောင် ဖွံ့ဖြိုးဆဲ သန္ဓေသားများကိုပါ ဆိုးကျိုးသက်ရောက်စေပါသည်။

သောက်သုံးရေ ဘေးအန္တရာယ်ကင်းရှင်းရေး
ကမ္ဘာပေါ်တွင် အနည်းဆုံး လူပေါင်း ၂ ဘီလီယံ (သန်း ၂ဝဝဝ) ခန့်သည် ညစ်ညမ်းရေကို အသုံးပြုကြရသည့်အတွက် နှစ်စဉ် ဆိုးရွားသော ကျန်းမာရေး ပြဿနာများကို ဖြစ်နေပါသည်။ သောက်သုံးရေတွင် ပြဒါးညစ်ညမ်းမှုသည် ငါး၊ တောရိုင်းတိရစ္ဆာန်များနှင့် လူတို့၌ အာရုံကြောဆိုင်ရာ အဆိပ်သင့်မှု ဖြစ်နိုင်သောကြောင့် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်လာသည်။

ရွှေလုပ်သားများနှင့် ၎င်းတို့ မိသားစုအသိုင်းအဝိုင်းများ၏ ကျန်းမာရေး
ဒြပ်စင်ပြဒါးသည် ရွှေလုပ်သးားများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိတွေ့ခြင်းမှ ဝင်ရောက်မှုကြောင့် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်း စသည်တို့ကို ခံစားရနိုင်ပြီး .. ပြဒါးအငွေ့ကို ရှူရှိုက်မိခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာနှင့် အဆုတ်ရောဂါ ပြသနာများလည်း ဖြစ်နိုင်ပါသည်။

အီလက်ထရွန်နစ် ထုတ်ကုန် နှင့် အမှိုက်များ
ပြဒါးအနည်းငယ်သာပါရှိသော လူသုံးကုန်ပစ္စည်းများသည် လူသားများနှင့် ဂေဟစနစ်များအပေါ် အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများသက်ရောက်မှုများကို ဖြစ်စေပြီ၊း အဆိုပါ ပြဒါးပါရှိသော လူသုံးကုန်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်း နှင့် နည်းလမ်းမကျ စွန့်ပစ်ခြင်းတို့ကြောင့်လည်း ကမ္ဘာတစ်ဝှမ်းတွင် ပြဒါးညစ်ညမ်းမှုကို ဖြစ်စေပြန်သည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ စက်မှုလုပ်ငန်းများ၊ နှင့် သန့်စင်ရေး စက်ရုံများအပြင် မော်တော်ယာဉ်များမှ ထုတ်လွှတ်သည့် အဆိပ်အတောက်များသည် လူ့ကျန်းမာရေးနှင့် ဂေဟစနစ်ကို လေထုညစ်ညမ်းခြင်း နှင့် လေထုအဆိပ်သင့်ခြင်းစသည့် ကြီးမားသော ဆိုးကျိုးများရှိပါသည်။
